Wednesday, October 12, 2022

ကိုလံဘိုတက္ကသိုလ်ဝင်ခွင့်အကြောင်း -Colombo entrance

 University of Colombo entrance for 2022-23

2021-22 ဖောင်ဖြည့်ပုံ (နမူနာပုံစံကြည့်ရန်) (application from, sample)

2023-24 အတွက် ဖောင်စာရွက် - (2022-23 application form)

Download PDF here -ပီတီအက်ဖ်နဲ့ဖတ်ရန် ဒီမှာ ဒေါင်းယူပါ။ 

--

ကိုလံဘိုတက္ကသိုလ်ဝင်ခွင့်နှင့်စပ် မှတ်သားဖွယ်

----မှတ်ချက်။ --

မိမိအတွက် အကျိုးဆောင်ပေးမည့်သူ ရှိပါသလား အရင်စဉ်းစားပါ၊

ငွေသွင်းတဲ့အခါ ဘယ်သူငွေသွင်းပေးမလဲ? မိမိအသိအရင်ရှာပါ။

အသိရှိပြီဆိုလည်း မြန်မာနိုင်ငံကနေ ငွေပို့ဖို့ လူကြုံရှိနိုင်မလား? စဉ်းစားပါ။

၁။၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ ကိုလံဘိုတက္ကသိုလ်ကို တက်ရောက်လိုသူများ လျှောက်လွှာဖြည့် စာရင်းပေးနိုင်။

၂။ လျှောက်လွှာအတွက် ကြော်ငြာစာပါ ပေးထားသော လင့်ခ်မှာ ဝင်ရောက်ဒေါင်းလော့ယူနိုင်ပါသည်။ သို့မဟုတ် ကြော်ငြာစာပါ အီးမေးလ်ကို ဆက်သွယ်နိုင်ပါသည်။

၃။ အောက်တိုဘာ ၃၀ ရက်အထိ ရက်တိုးမြှင့်ပေးထားပါသည်။ ကျောင်းက ၂၀၂၃ ခု၊ ဇန်နဝါရီလမှ ဖွင့်မှာ ဖြစ်ပါသည်။ ရက်လွန်သော်လည်း မိမိဘက်က အမှန်တကယ်တက်ရောက်လိုပါလျှင် မေးမြန်းစုံစမ်း ကြည့်ရှုပါရန်။

၄။ M.A တန်းသည် One year/ Two years နှစ်မျိုးရှိ၍ စိတ်ကြိုက်ရွေးချယ်နိုင်သည်။ ကုန်ကျစရိတ်ကို ကြော်ငြာစာမှာ ဖတ်နိုင်ပါသည်။

၅။ မေးမြန်းစုံစမ်းချက်အရ ပြည်ပနေသူများ အွန်လိုင်းကနေ လျှောက်လို့ရပါသည်။ အွန်လိုင်းကနေ တက်ရောက်လို့ရပါသည်။ သေချာစေရန် တကယ်ကျောင်းအပ်တော့မည်ဆိုလျှင် ထပ်၍မေးမြန်းကြည့်ပါ။

၆။ ကျောင်းမဖွင့်ခင် အင်တာဗျူးအနည်းငယ် ဖြေဆိုရပါသည်။ ဘယ်တုန်းက အောင်တာလဲ, ဘယ်မှာနေတာလဲ စသည် ၂-၃ ခွန်းပဲ စကားပြောရတာပါ။

--

၇။ ဘာသာရပ် ၇ ခုရှိ၍ first semester မှာ ၄ ဘာသာ၊ second semester မှာ ၃ ဘာသာ ဖြေဆိုရပါမည်။

၈။ တစ်ဘာသာလျှင် အဆိုင််းမန့် တစ်ခု ရေးရပါမည်။ (စာလုံးရေ - ၁၇၅၀- ၂၀၀၀)

၉။ စာသင်ရက်သည် စနေနေ့ တစ်ရက်တည်းဖြစ်သည်၊  တနေ့တာ စာသင်ချိန်သည် ၆ နာရီဖြစ်သည်။ မနက် ၃ နာရီ , နေ့ ၃ နာရီစာသင်ချိန်။

၉။ နေ့ဝက်စာမေးပွဲ၊ အတန်းတင်စာမေးပွဲများ ရှိသည်။

၁၀။ Two year သမားများအတွက် သီးသန့် တစ်နှစ် ကျမ်းရေးရမည်။

--

Application form ဒီမှာ ဒေါင်းယူပါ။ စာရွက်မှာ ဆက်သွယ်ရမည့် အီးမေးလ်ိပ်စာပါပါတယ်၊ ကိုယ်တိုင်ဆက်နွယ်ပါဟု အကြံပါရစေ။

https://arts.cmb.ac.lk/bst/wp-content/uploads/Application-3.pdf

----

လုပ်ဆောင်ရမည့်အချက်။

၁။ ကျောင်းမဖွင့်ခင် ဖောင်သွင်း,ဖောင်တင်ရပါမည်။ application fee (ဖောင်စာရွက်ကြေး) သီရိလင်္ကာရူပီး ၅၀၀ ပေးသွင်းပြီး, ဖြည့်ထားသော ဖောင်ကို ဌာနသို့ တင်ပါ။

 

--လိုအပ်သောစာရွက်စာတမ်း

၁။ အောင်လက်မှတ်

၂။ အမှတ်စာရင်း

၃။ ကျောင်းပြောင်းထောက်ခံစာ (ပြည်ပမှ တက်မည့်သူများ လို,မလို မေးကြည့်ပါရန်)

--

ကျောင်းမဖွင့်ခင် ကျောင်းသားမှတ်ပုံတင်ရမည် (Register လုပ်ရမည်၊) ငွေသွင်းရမည်ဟုဆိုလိုသည်။

၂၀၂၃-၂၄ အတွက်, တစ်နှစ်လျှင် ကျောင်းကြေး, စာကြည့်တိုက်ကြေး, မှတ်ပုံတင်ကြေး, စာမေးပွဲကြေး, စုစုပေါင်း ၇၅၀ ဒေါ်လာ ကုန်ကျမည်။ (2 years တက်လျှင် နောက်နှစ် ထိုကြေး ၇၅၀ ထပ်သွင်းရမည်၊ ဆိုလိုသည်မှာ တစ်နှစ်ချင်း သွင်းရခြင်းဖြစ်သည်။)

# camari (စာမရီ -ရာမညမြေ)

 

 

 


kelaniya 218th Convocation

7 MB to Download 25 MB Download ပုံကိုနှိပ်၍လည်း ၂၅ အမ်ဘီဆိုဒ်ကို ဒေါင်းလော့ဆွဲကြည့်နိုင်သည်။